ဈေးကွက်ဈေးနှုန်း

မကွေးတိုင်းဒေသကြီးအတွင်းရှိကုန်စည်ဒိုင်တို့၏ (၁၄ -၂ - ၂၀၂၀)ရက်နေ့ ကုန်စျေးနှုန်းနှင့်အပတ်စဉ်ကာလတူနှိုင်းယှဉ်ချက်

Last Updated:

-၂ -၂၀၂၀ ရက်နေ့ မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေးကုန်စည်ဒိုင်၊ပခုက္ကူကုန်စည်ဒိုင်၊ ရေစကြိုကုန်စည်တို၏နေ့စဉ်ပေါက်စျေးနှုန်းနှင့်တစ်ပါတ်အတွင်းနှိုင်းယှဉ်ချက်၊

 

မကွေးကုန်စည်ဒိုင် အပတ်စဉ်ကာလတူ စျေးနှုန်းသုံးသပ်ချက်

 

 

နှမ်း

          ယခင် ( --၂၀၂၀ )ရက်နေ့စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက နှမ်းနက်(စမုံ)(၁၀၀၀၀/-)၊ ဂွနက်ရိုးရိုး(၃၅၀၀၀/-) ၊ နှမ်းနီ (၂၀၀၀/-) ၊ နှမ်းညိုကြား  (၁၀၀၀၀/-) ကျပ်    စျေးကျကာ အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။ မကွေးမြို့ ပေါ်တွင် နှမ်းမျိုးစုံ အရောင်းအဝယ် ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်အရေအတွက် (၇၀၀ မှ ၁၀၀၀) ဝန်းကျင်ထိ အရောင်းအဝယ် ဖြစ်လျက် ရှိပါသည်။

 

ပဲမျိုးစုံ

          ပဲမျိုးစုံမှာ  ယခင် (--၂၀၂၀ )  ရက်စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက     ပဲလွန်ဝါသေး  (၅၀၀/-) ၊    ပဲစဉ်းငုံ (သစ်) (၂၂၀၀/-) စျေး တက်ပြီးကုလားပဲ (929) ( ၁၀၀၀/- )  ၊  ကုလားပဲ    (HL) ( ၁၀၀၀/-)   ၊ကုလားပဲသေး(၅၀၀/-)၊  ပဲထောပတ်(၂၅၀၀/-)  ၊  မတ်ပဲ (၁၅၀၀/-) ၊     စားတော်ပဲ(၁၀၀၀/-)ကျပ် စျေးကျကာ   ကျန်ပဲမျိုးစုံစျေးများ   အပြောင်းအလဲမရှိဘဲ အရောင်း အဝယ် ဖြစ်လျက်ရှိပါသည်။

 

မြေပဲဆံ

          မြေပဲဆံအနေဖြင့််    ယခင် ( --၂၀၂၀ ) ရက်စျေးနှုန်း ထက် မြေပဲလုံးဆံနီ(လိုင်း) (၅၀/-) ၊ မြေပဲလုံးဆံဖြူ(လိုင်း)(၅၀/-)ကျပ် စျေးတက်ကာ မြေပဲလုံးဆံဖြူ (လုပ်ငန်းသုံး)၊ မြေပဲလုံးဆံနီ (လုပ်ငန်းသုံး) ၊မြေပဲတောင့် မျိုးပဲနီတို့ စျေးအပြောင်း အလဲ မရှိဘဲ အရောင်း အဝယ် ဖြစ်လျက် ရှိပါသည်။

 

ဆီ

          ဆီအနေဖြင့်် မကွေးကုန်စည်ဒိုင်စျေးအရ ( ..၂၀၂၀ )ရက်နေ့ နှင့်နှိုင်းယှဉ်ပါက စားအုန်းဆီ (၂၀/)ကျပ် စျေးကျကာ မြေပဲဆီ၊နှမ်းဆီစျေးအပြောင်းအလဲမရှိဘဲ အရောင်းအဝယ်ဖြစ်လျှက်ရှိပါ သည်။

 

 

ဆန်

          မကွေးကုန်စည်ဒိုင်စျေးအရ ဆန်အနေဖြင့် (၇.၂.၂၀၂၀)ရက်နေ့ နှင့်နှိုင်းယှဉ်ပါက ဧရာပဒေသာခပ်ချက်(အဟောင်း)(၂၀၀၀/-)ကျပ်စျေးတက်ပြီး ပေါ်ဆန်းမွှေးဖျာပုံ၊ ပေါ်ဆန်မွှေးရွှေဘို စျေးအပြောင်းအလဲမရှိဘဲ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သုံးသပ် တင်ပြအပ်ပါ သည်။

 

ပခုက္ကူကုန်စည်ဒိုင် ကာလတူ စျေးနှုန်းသုံးသပ်ချက်

              ပခုက္ကူ   ကုန်စည်ဒိုင်တွင်    ယခင် (   --၂၀၂၀    ) ရက်  စျေးနှုန်း  နှင့်       နှိုင်းယှဉ်ပါက                ပဲဆီသန့်(၃၀၀/-) ၊ စမုံနက်ရှယ်(၁၀၀၀/-)၊ကျပ် စျေး ကျပြီး ၊ စမုံနက်ပုံမှန်(၁၀၀၀/-) ၊ ပဲစဉ်းငုံ 2020   (၁၀၀/-)ကျပ်    စျေးတက်ကာ   ကျန်ပဲမျိုးစုံ နှင့်နှမ်းစျေးများ အပြောင်း အလဲမရှိဘဲ နှမ်း မျိုးစုံ (၂၃၀) အိတ်၊  ပဲမျိုးစုံ(၃၁၀)အိတ် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

 

ရေစကြိုကုန်စည်ဒိုင် ကာလတူ စျေးနှုန်းသုံးသပ်ချက်

             ရေစကြိုကုန်စည်ဒိုင်တွင်    ယခင် (--၂၀၂၀) ရက်စျေးနှုန်း နှင့် နှိုင်းယှဉ်ပါကစားအုန်းဆီ (၄၀/-)၊ မြေပဲလုံးဆံ(နီ) (၁၀၀/-)၊ပဲလွန်းပြာသစ်(၁၅၀၀/-) ပြောင်းဖူးစေ့( CP ) (၂၀၀/-)ကျပ် စျေး ကျပြီး ၊    မတ်ပဲ(၂၀၀၀/-)၊ ကုလားပဲ(HL) (၂၀၀/-) ကျပ်စျေးတက်ကာ ကျန်ပဲမျိုးစုံ နှင့်နှမ်းစျေး များအပြောင်း အလဲမရှိဘဲ ပဲမျိုးစုံ(၂၀၀)နှင့်ပြောင်းဖူးစေ့(CP)(၅၀၀)အိတ် အရောင်း အဝယ် ဖြစ် လျက်ရှိပါသည်။